စာရေးသူ

အားလုံးမြင်နိုင်ရန်
Marvin Williams

မာဗင်ဝီလီယံ

မာဗင်ဝီလီယံသည် Our Daily Bread အတွက် ၂၀၀၇ ခုနှစ်မှစ၍ စာမူများ ရေးသားပေးသည်။ ဆရာသည် Our Daily Bread Ministries ၏ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူဖြစ်သည့် Our Daily Journey အတွက်လည်း စာမူများရေးသားသည်။ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ လန်စင်းဒေသရှိ တြိနတိ အသင်းတော်၌ စာချသင်းအုပ် ဖြစ်သည်။ တက်စက်(စ)ပြည်နယ်၊ ဒါလာ့စ်မြို့ရှိ သာသနာပိုင် ကောလိပ် (Bishop College) နှင့် အယ်လနွိုက်ပြည်နယ်၊ ဒီးယားဖီးမြို့ရှိ တြိနတိ ဧဝံဂေလိဆိုင်ရာ ဘာသာရေးပညာကျောင်း (Trinity Evangelical Divinity School) များ၌ ပညာသင်ကြား တတ်မြောက်ခဲ့သည်။ မီရှီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ရှိ နေရာအတော်များများတွင်လည်း သင်းအုပ်ဆရာနေရာ၌ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဆရာနှင့် ဇနီး တူနီးယားတို့၌ သားသမီး ၃ ဦး ရှိသည်။

စာမူ/ အကြောင်းအရာ များ မာဗင်ဝီလီယံ

အသီးအပွင့်တို့ခံစားရခြင်း

မိမိမျှော်လင့်သည့်အတိုင်း ၀ိညာဉ်ရေးရာကြီးထွားမှုမရှိသောသူများကို ဝေဖန်ခြင်းက လွယ်ကူပါသည်။ အမှားပြင်ရန် လိုအပ်ချက်များကို အလွယ်တကူပင် ထောက်ပြနိုင်သော်လည်း မှန်ကန်သောအရာကိုလည်း ကျွန်ုပ်တို့သိမှတ်ရန် လိုအပ်ပါသည်။ သူ၏စာစောင်များတွင် ရှင်ပေါလု က အသင်းတော်များ၏ အမှားကိုပြင်ပေးသကဲ့သို့ ကောင်းသည့်အချက်များကိုလည်း ထောက်ပြ၍ ချီးမွမ်းပါသည်။

ဥပမာအားဖြင့် ကောလောသဲမြို့သားများထံ ရေသားလိုက်သောစာတွင် ရှင်ပေါလုက ဧ၀ံဂေလိတရားသည် အမြစ်တည်၍ ယုံကြည်သူများ၏ အသက်တာတွင် အသီးအပွင့်များတွေ့ရ                    ကြောင်း ဖော်ပြထားပါသည် (၁း၆)။ သူတို့၏ ၀ိညာဉ်ရေးရာ တိုးတက်ရေးအတွက် ဘုရားသခင်ကို ချီးမွမ်းပြီး သူတို့နှင့်အတူ ၀မ်းမြောက်သည်။ သခင်ယေရှုကို သူတို့သိရှိပြီး ယခုတွင် မိစ္ဆာဆရာများ နှင့် ရင်ဆိုင်ရုန်းကန်လျက် နေရသည် (၂း၆-၈)။ ၄င်းတို့သည် သန့်ရှင်းသူအပေါင်းတို့ကို လှိုက်လှဲ နက်ရှိုင်းစွာ ချစ်ခင်သောမေတ္တာစိတ်ရှိပြီး လက်တွေ့အနစ်နာခံပြီး ပူပန်စိတ်ကို ဖော်ကျူးခြင်း အတွက် ရှင်ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်သည် (၁း၎)။ ဤလောကသည်…